မြန်မာချစ်သူများ
Would you like to react to this message? Create an account in a few clicks or log in to continue.

ပြေတီဦး အကြောင်း

Go down

ပြေတီဦး အကြောင်း Empty ပြေတီဦး အကြောင်း

Post  moethiha Sat Oct 02, 2010 6:54 am

ပြေတီဦး ပညာရေးဖောင်ဒေရှင်းအဖွဲ့ ပညာရေးစရိတ်ထောက်ပံ့ငွေ လျှောက်ထားလိုသူများအတွက် စည်းကမ်းချက်များထုတ်ပြန်

[You must be registered and logged in to see this image.]

ပြေတီဦးပညာရေး ဖောင်ဒေးရှင်းအဖွဲ့သည် ပညာသင်စရိတ် အမှန်တကယ် လိုအပ်သူများအား ထောက်ပံ့ပေး နိုင်ရန်အတွက် ရည်ရွယ်ချက်ကောင်းဖြင့် တည်ထောင်ခဲ့သည့် ဖောင်ဒေးရှင်းတစ်ခု ဖြစ်ပါသည်။ အဓိကအားဖြင့် အခြေခံပညာ အထက်တန်း စာမေးပွဲကို အမှတ်ကောင်းကောင်းဖြင့် အောင်မြင်ခဲ့ကြပြီး တက္ကသိုလ်ပညာ ဆက်လက် သင်ကြားရာတွင် အသက်မွေးဝမ်းကျောင်း တက္ကသိုလ် တစ်ခုခုသို့ တက်ရောက်ရန် အမှတ်မီသော်လည်း အခက်အခဲရှိသူများ အတွက် ရည်ရွယ်ပါသည်။ (၂ဝ၁ဝ-၂ဝ၁၁)ခုနှစ် ပညာသင်နှစ်တွင် ဆေးတက္ကသိုလ်တို့ တက်ရောက်ရန် အခက်အခဲရှိသော ကျောင်းသား၊ ကျောင်းသူ (၁ဝ)ဦးတို့အား ထောက်ပံ့ပေးမည်ဟု ဖောင်ဒေးရှင်းမှ ဆုံးဖြတ်ထားသဖြင့် အောက်ဖော်ပြပါ အချက်အလက်များနှင့် ကိုက်ညီသော ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားနိုင်ကြောင်း အသိပေးအပ်ပါသည်။ (၁) အခြေခံပညာ အထက်တန်းစာမေးပွဲ အောင်မြင်ခဲ့သည့် အမှတ်စာရင်း မိတ္တူ၊
(၂) ဆေးတက္ကသိုလ် တက်ရောက်ခွင့်ရကြောင်း သက်ဆိုင်ရာမှ အကြောင်းကြားထားသည့် အကြောင်းကြားစာ မိတ္တူ ၊
(၃) ဆေးတက္ကသိုလ် တက်နိုင်ရန်အတွက် ငွေကြေးအခက်အခဲ ရှိကြောင်း မိမိနေထိုင်ရာမြို့နယ်မှ ထောက်ခံသည့် ထောက်ခံစာ ၊
(၄) မိဘများ၊ အုပ်ထိန်းသူများအနေဖြင့် တက္ကသိုလ်ပညာ ဆက်လက် သင်ကြားရာတွင် အမှန်တကယ် အခက်အခဲရှိနေကြောင်း ဝန်ခံချက် ၊
(၅) တစ်နှစ်တစ်တန်း အောင်မြင်ရန် တာဝန်ယူကြောင်းနှင့် စာမေးပွဲကျပါက နောက်နှစ်တွင် ထောက်ပံ့ကြေး ရရှိမည် မဟုတ်သည်ကို သိရှိပါကြောင်း ကျောင်းသူ၊ ကျောင်းသားကိုယ်တိုင် ဝန်ခံချက် ၊
(၆) ဆေးတက္ကသိုလ်တွင် ပြေတီဦးပညာရေး ဖောင်ဒေးရှင်း၏ ထောက်ပံ့ငွေဖြင့် ဆရာဝန်ဖြစ်သည်အထိ အထောက်အပံ့ ရယူပြီးနောက် ဘွဲ့ရရှိလာချိန်တွင် မိမိနိုင်ငံအတွင်း၌သာ ပြည်သူများ၏ ကျန်းမာရေးကို စောင့်ရှောက်သော ဆရာဝန်အဖြစ် လုပ်ကိုင်မည်ဖြစ်ကြောင်း ခံဝန်ချက် ၊
(၇) ပြေတီဦး ပညာရေးဖောင်ဒေးရှင်း၏ ထောက်ပံ့ငွေရယူထားသော ကျောင်းသူ၊ ကျောင်းသားသည် သက်ဆိုင်ရာ တက္ကသိုလ်မှ သတ်မှတ်ထားသော ကျောင်းခေါ်ချိန် မပြည့်သဖြင့် စာမေးပွဲဖြေဆိုခွင့် မရှိပါကလည်း ထောက်ပံ့ငွေကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း တစ်ပါတည်း သိစေအပ်ပါသည်။
(၈) ကိုယ်တိုင်ရေးသားထားသည့် လျှောက်လွှာဖြစ်ပြီး ပတ်စ်ပို့ ဓာတ်ပုံ(၃)ပုံနှင့် အတူ ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှ င့် (၃၅)လမ်းထိပ်ရှိ စိန်ဌေးရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးသို့ လျှောက်ထားရန် ဖြစ်သည်။ ဟူ၍ စည်းကမ်းချက်တွင် ဖော်ပြပါရှိသည်။

ဤသတင်းဆောင်းပါးကို လျှပ်တစ်ပြက် ဂျာနယ်မှ ကောက်နှုတ်ဖေါ်ပြပါသည်။

moethiha
အသင်းဝင်
အသင်းဝင်

Posts : 23
Join date : 2010-09-30
Location : Amarapura

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum