မြန်မာချစ်သူများ
Would you like to react to this message? Create an account in a few clicks or log in to continue.

မိုးသီဟ ၏ ကဗျာများ

Go down

မိုးသီဟ ၏ ကဗျာများ Empty မိုးသီဟ ၏ ကဗျာများ

Post  moethiha Sat Oct 02, 2010 6:41 am

"ရင်ကွဲနှင်းဆီ"

ချစ်သူ
မင်းပြောတဲ့ ချစ်တယ်ဆိုတဲ့စကားဟာ
အခုဆိုရင် လမ်းဘေးဈေးသည်တွေလို
လူတကာကို ပြောတတ်နေပြီလား

ချစ်သူ
မင်းရဲ့အသည်းနှလုံးက ကျောက်ဆောင်တွေလိုပဲ
မာကျောနေပြီလား
မင်းခွဲခဲ့တဲ့အသည်းကို ပြန်ရေကြည့်လို်က်ပါဦး
ကိုယ်တစ်ယောက်တည်းနဲ့တင်ကို သက်စေ့ကျော်နေပြီ

ချစ်သူ
လူတစ်ယောက်စိတ်ကိုညှင်းပန်းနှိပ်စက်နေရလို့
မင်းမောနေပြီလား
မင်းပျော်နိုင်မယ်ဆိုရင် ကိုယ့် ရဲ့ချစ်တဲ့စိတ်နဲ့
မင်းရဲ့ခေါင်းပေါ်ကို ချစ်သည်းနှင်းဆီတစ်ပွင့်
ပန်ပေးပါရစေ။


"မုသားမဲ့သစ္စာ"

မင်းအပေါ်မှာဖြစ်တည်နေတဲ့
ကိုယ့်ရဲ့စိတ်တစ်ခုကို
အတုအယောင်လို့ မထင်ပါနဲ့
ကိုယ့်ရဲ့ရင်ထဲက အဖြစ်အပျက်တွေကို
မင်းမသိပေမယ့်
ကိုယ်တိုင်ခံစားရသူအဖို့တော့
မပြောပြတတ်လောက်အောင်
လောင်ကျွမ်းနေတယ်
အဲ့ဒါကဘာလဲဆိုတော့
မင်းကိုချစ်တယ် ဆိုတဲ့
ကိစ္စလေးတစ်ခုပေါ့

"ရုပ်သေးရုပ်"

မင်းပြောတဲ့ စကားတစ်ခွန်းဟာ
ကိုယ့်အတွက်အမိန့်မဟုတ်ပေမယ့်
မင်းပျော်အောင်လို့ကိုယ်လိုက်လုပ်မိတယ်
မင်းထားရာမှာနေ စေရာသွားဖို့ကို
ကိုယ့်ရဲ့ cupid ကတောင်းဆိုနေတယ်
မင်းပျော်အောင်နေလိုက်စမ်းပါ
ဘယ်သူမှမသိပေမယ့်
ကိုယ်ဟာမင်းရဲ့ ရုပ်သေးရုပ်လေးပေါ့ကွာ။


"ရူးသွပ်ခြင်း"

လမျက်နှာပြင်မှာ ရေတွေတွေ့တာ
ငါဂရုစိုက်စရာမဟုတ်ဘူး
နေ့လည်ခင်း အရိပ်မရှိတဲ့နေရာမှာရပ်ရင်
ဘာလို့ပူလဲ ငါမတွေးဘူး
ညအခါ ငါ့စိတ်တွေပေါ့ပါးချိန်မှာ
မင်းပုံရိပ်တွေပဲ မြင်နေတာ
ငါ့ကိုယ်ငါ မဆန်းစစ်ဘူး
ကောင်မလေးရေ မင်းကြောင့်ငါ့စိတ်တွေ
ဂယောင်ခြောက်ချားဖြစ်နေမှာပဲ
ငါစိုးရိမ်တယ်။

moethiha
အသင်းဝင်
အသင်းဝင်

Posts : 23
Join date : 2010-09-30
Location : Amarapura

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum