မြန်မာချစ်သူများ
Would you like to react to this message? Create an account in a few clicks or log in to continue.

ဂွတ်ရှယ်သမက်

Go down

ဂွတ်ရှယ်သမက် Empty ဂွတ်ရှယ်သမက်

Post  moethiha Sat Oct 02, 2010 6:49 am

ဂွတ်ရှယ်သမက် အမည်ရ ဟာသရုပ်ရှင်ဇာတ်ကား အထူးပွဲပြသ


ဂွတ်ရှယ်သမက် Bi32511
လူစွမ်းကောင်း ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး အကြည်တော်၏ ဝတ္ထုကို အကြည်တော် ကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး အကယ်ဒမီ ညီညီထွန်းလွင် ရိုက်ကူးထားသည့် ဂွတ်ရှယ်သမက် အချစ်ဟာသ ရုပ်ရှင်ကားကြီးကို (၂ဝ၁ဝ) ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့က ရန်ကုန်မြို့ရှိ သမ္မတရုပ်ရှင်ရုံတွင် အထူးပွဲပြသခဲ့သည်။ ထိုဇာတ်ကားတွင် အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီရဲအောင်၊ နေတိုး၊ ကျော်ကျော်ဗို၊ အကယ်ဒမီမေသဉ္ဇာဦး၊ စိုးမိုးကြည်၊ မိုးဟေကိုနှင့် အခြားဟာသ သရုပ်ဆောင်များစွာ ပါဝင်ပြီး စိုးပြည့်သဇင်မှ ဧည့်သည်သရုပ်ဆောင် အဖြစ် ပါဝင်ထားသည်။ အထူးပွဲပြသရာသို့ ထူးထူးခြားခြား ပါဝင် သရုပ်ဆောင်ထားသော မင်းသား၊ မင်းသမီး အားလုံးနီးပါး တက်ရောက်သည်ကို တွေ့ခဲ့ရသည်။ ဟာသကားများ ရုံတင်များနေချိန်တွင် ဒါရိုက်တာ အကယ်ဒမီ ညီညီထွန်းလွင်၏ ဂွတ်ရှယ်သမက် အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို (၂ဝ၁ဝ)ခုနှစ် စက်တင်ဘာလ တတိယပတ်တွင် ရုံတင်ပြသမည်ဟု ခန့်မှန်းထားကြောင်း သိရှိရသည်။

ဤသတင်းဆောင်းပါးကို လျှပ်တစ်ပြက် ဂျာနယ်မှ ကောက်နှုတ်ဖေါ်ပြပါသည်။

moethiha
အသင်းဝင်
အသင်းဝင်

Posts : 23
Join date : 2010-09-30
Location : Amarapura

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum